အက်ရှင်

[Thriller][column2]

Top News




ဒီနေ့တော့ ဘောလီးဝုတ်မှ ဘောလီးဝုတ် အသည်းစွဲမိတ်ဆွေများအတွက် indian ဟာသ၊ အချစ်ဇာတ်လမ်းလေးတင်ပေးလိုက်ပါတယ်။ဒီကားဟာအကယ်ဒမီဆုပေါင်းများစွာရရှိခဲ့သလို နောက်ထပ်ဆုပေါင်းများ
များစွာအတွက်လည်းလျာထားခြင်းခံရတဲ့ကားလေးပဲဖြစ်ပါတယ်။
ဘာလီးဝုတ်ဇာတ်ကားတော်တော်များများကတော့ ညွန်းနေစရာမလိုလောက်အောင်ကို ကောင်းမွန်တာကိုတွေ့ရမှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းလေးကတော့ ဆွံ့အနားမကြား ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးနှစ်ယောက်ရဲ့အချစ် ဇာတ်လမ်းလေးကိုအသားပေးရိုက်ထားတာဖြစ်ပါတယ်။ စကားမပြောနိုင်တဲ့ ဘားဖီးဆိုတဲ့ကောင်လေးတစ်ယောက်ဟာ သူ့ကိုအရမ်းဂရုစိုက်တဲ့ ကောင်မလေးတစ်ယောက်ကိုချစ်မိသွား သလို နောက်ထပ် အော်တဇင်လို့ခေါ်တဲ့ စိတ်ရောဂါဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်ကိုပါ စွဲလမ်းမိ လေသောအခါ.............
ဘားဖီးရဲ့ ရွေးချယ်မှုဟာ စိတ်ရောဂါကောင်မလေးလား သူ့ကိုဂရုစိုက်တဲ့ကောင်မလေးလား ...........
အချစ် ဟာသ ရောထွေးထားတဲ့ အိန္ဒိယရုပ်ရှင်ကောင်းလေးတစ်ခုကို mm-moviehouse မှာ ခံစားကြည့်ရှုဖို့ အဆင်သင့်ဖြစ်ပြီဆိုတဲ့အကြောင်း...........

Name - Barfi 2012
Run time - 2 hr 31 min
IMDB Rating - 8.2
Rotten Tomatoes Rating - 86%
Quality - 720 P Quality
Subtitle - Myanmar Subbed
File Size - about 800 MB




ဒီနေ့တော့ Mr.Bean ရဲ့ The Library ဆိုတဲ့ ဟာသဇာတ်လမ်းတိုလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ Mr.Bean ဇာတ်လမ်းလေးတွေက ပေါက်ရောက်ပြီးသားဆိုတော့ထူးထူးခြားခြားမိတ်ဆက်ပေးမနေတော့ပါ ဘူး။ နောက်ပိုင်းမှာလည်း Mr.Bean ရဲ့ ဟာသဇာတ်လမ်းတွဲတစ်ခုလုံးကိုတင်ဆက်ပေးဖို့ရှိတာကြောင့် ကျွန်တော်တို့ MM-Movie House ၀က်ဘ်ဆိုဒ် နဲ့ ပေ့ခ်ျကို စဉ်ဆက်မပြတ်စောင့်ကြည့်နေဖို့တဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျား။

Name  - The Library
Size - 79.5 MB
Run Time - 9:31 min
Quality - 360 P


 
ဒီနေ့တော့ တရုတ်ပြည်ရဲ့ ခမ်းနာကြီးကျယ်မှုကိုရိုက်ကူးပုံဖော်ထားတဲ့ 2006 ခုနှစ်ရိုက်ထားတဲ့ Curse of The Golden Flower (ဂန္ဒမာပန်းရဲ့ကျိန်စာ) ဆိုတဲ့ရုပ်ရှင်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီကားကို ကျွန်တော်ကိုယ်တိုင် ပထမဆုံးတစ်ကြိမ်ကြည့်လိုက်ကတည်းကနေ အကြိမ်ကြိမ်အခါခါ ကြည့်မိတဲ့ ဇာတ်ကားတစ်ကား ဖြစ်သလို အကြိုက်ဆုံး ဇာတ်လမ်းထဲကိုထည့်ထားတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ တရုတ် ရုပ်ရှင်ရိုက်ကူးရေးသမားတွေဟာ တရုတ်ပြည်ကိုအကြီးအကျယ်ဆုံး ပြည်ထောင်စုကြီးတစ်ခုအဖြစ်နဲ့ ပုံဖော် ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် သေနင်္ဂဟ ဗျူဟာခင်းပုံ၊ စီမံခန့်ခွဲ့ပုံတွေကိုရိုက်ပြထားချက်က တော့သာမန် သိုင်း၊ စစ်ပွဲ၊နန်းတွင်းဇာတ်လမ်းကိုမကြိုက်တဲ့သူတွေ တောင်ရင်သပ်ရှုမောဖွယ်ကားတစ်ကားဖြစ်သွားမယ်လို့ ပြောချင်ပါတယ်။။

ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ 
928 အေဒီမှာ တရုတ်ပြည်ရဲ့ ဘုရင်မင်းမြတ်(မင်းသားကြီးချောင်ယွန်ဖတ်) ကအုပ်စိုးခဲ့ပါတယ်။ ရက်စက် တတ်တဲ့ဘုရင်ကြီးက သူ့မိဖုရားကို နေ့စဉ် ရူးသွပ်သွားနိုင်တဲ့ဆေးတွေခပ်ခဲ့ပါတယ်။ မိဖုရားကလည်း ဘုရင်ကြီးရဲ့ အရင်မိဖုရားနဲ့ရတဲ့သား အိမ်ရှေ့မင်းသားနဲ့ ဖောက်ပြန်နေတာဖြစ်သလို အိမ်ရှေ့မင်းသားကလည်း သမားတော်ကြီးရဲ့ သမီးချောလေးကိုပါထပ်မံသဘောကျကာ ထွက်ပြေးဖို့ကြိုးစား နေခဲ့ပါတယ်။ မိဖုရားရဲ့ သားအရင်းကလည်း မယ်တော်အဆိပ်ခပ်ခံနေရတာကို သိလိုက် ရတဲ့အခါ ဘုရင်ကြီးကိုပုန်ကန်ဖို့ကြိုးစားပါတော့တယ်။ ဒီအခါမှာ ပုန်ကန်တာအောင်မြင်ပြီး ဘုရင် ကြီးကို လုပ်ကြံနိုင်မှာလားဆိုတာကို ရင်တမမနဲ့ကြည့်ရမှာပါ။ မထင်မှတ်တဲ့ဇာတ်ကွက်နဲ့အတူ စီးမျောလိုက် ပါနိုင်ဖို့ ဒေါင်းလုပ်ဆွဲကြည့်ရှုလိုက်ပါခင်ဗျား။
တစ်ချို့အခန်းတွေမှာ 18+ အနည်းငယ်ဆန်နေတာမို့လို့သတိထားကြည့်စေချင်ပါတယ်။

Name - Curse of The Golden Flower
IMDB Rating - 7/10
Rotten Tomatoes Rating - 70%
Language - Chinese
Subtitle - Myanmar
Run time - 1 Hr 54 Min
Quality - 480 P
File Size - 794 MB


IMDb rating 6.2/10 ပဲ လက်ရှိမှာရထားသေးပေမယ့် ပရိတ်သက်တော်တော်များများကြိုက်နှစ်သက်တဲ့
ဇာတ်ကားကောင်းတစ်ကားပါပဲ . . . ပါဝင်ထားတဲ့မင်းသားက ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကြီး Thor
မင်းသား Chris Hemsworth က Huntsman အဖြစ်သရုပ်ဆောင်ထားပါတယ်။
.
တကယ်တော့ ဒီဇာတ်ကားဟာ 2012 ခုနှစ်ကထွက်ခဲ့တဲ့ Snow White and the Huntsman ရဲ့ အဓိက
ဇာတ်အိမ်တစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအစောပိုင်းမှာ စုန်းမ၂ယောက်ဖြစ်တဲ့ ရဗန်နာ နဲ့သူ့
ညီမ ဖရယ်ယာတို့နဲ့စတင်ထားပါတယ်။ ရဗန်နာဟာ snowwhite ကားထဲက စုန်းမဖြစ်ပြီး သူ့ညီမရဲ့ချစ်ခြင်းကိုပါ ဖျက်ဆီးခဲ့တယ်။ဒါကြောင့်အကြီးအကျယ်ဒေါသထွက်ခဲ့တဲ့ ဖရယ်ယာ တစ်ယောက်သူ့ရဲ့အင်ပါယာကိုစတင်တည်ထောင်မှုကနေ Huntsman ရဲ့ ဇာတ်လမ်းပါပေါ်ထွက်လာခဲ့ပါတယ်။ ဒီဇာတ်ကားဟာ Snow White ကားမစတင်ခင်ကအဖြစ်အပျက်တွေနဲ့ Snow White ကားပြီးတော့ ထပ်မံဖြစ်ပေါ်လာတဲ့ အချိန်ကာလနှစ်ခုကို ပြန်လည်ဆက်စပ်ပေးထားတဲ့ ဇာတ်ကားဆိုလည်းမမှားပါဘူး။
.
Snow White ရဲ့လက်ချက်နဲ့သေဆုံးခဲ့တဲ့ ရဗန်နာက ဒီဇာတ်လမ်းမှာပြန်လည်ရှင်သန်လာတာလည်း
တွေ့ရပြီး . သူ့ရဲ့မှော်ကြေးမုံဟာ ဒီဇာတ်ကားမှာ အဓိကနေရာကပါဝင်တဲ့ပစ္စည်းတစ်ခုဖြစ်လာပါတယ်။


ဇာတ်ညွန်းကိုတော့ ကျွန်တော်လည်းမအားလို့သေချာမကြည့်ဖြစ်သေးတာကြောင့် CM ကနေပဲယူထားလိုက်ပါတယ်။

Name - The Hustman: Winter's War
IMDB Rating - 6.2
Subtitle - မြန်မာစာတန်းထိုး
File Size - 663 MB
Run Time - 2 Hr 3 Min
Quality - 720 P


ဒီကားလေးကတော့ထူးထူးခြားခြားညွန်းနေစရာတော့မလိုတော့ပါဘူး။ မနေ့ကတင်ပေးထားတဲ့ Death Note ရဲ့အဆက်ဇာတက်ကားလေးပါ။ ဒီအပိုင်းမှာတော့ ဂျပန်မင်းသမီးချောချောလေးတစ်ယောက် ပိုပါဝင် လာတာကိုတွေ့ရမှာပါ။ (ကျွန်တော်တို့ယောက်ျားလေးတွေ ငယ်ငယ်တုန်းက အရမ်း crush ရတာပေါ့ :-P )
ပထမကားရဲ့ဇာတ်လမ်းအဆက်ဖြစ်ပြီးတော့ ဇာတ်ရှိန်ကိုပိုမြှင့်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ပထမပိုင်း မှာ ကီရာက မသေနိုင်သေးတဲ့အပြင် စုံထောက်အဖွဲ့ထဲကိုပါ အဖေအားကိုးနဲ့ဝင်လာတဲ့အခါမှာ စုံထောက် အဖွဲ့အတွက်တော့တော်တော်ကို ဆိုးရွားတဲ့နစ်နာမှုတွေကြုံတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဒုတိယ ကီရာ တစ်ယောက် ဒုတိယစာအုပ်နဲ့ထပ်မံပေါ်လာတဲ့အခါမှာ ဘယ်လိုဆက်လုပ်ကြမလဲ။ ဒီတစ်ခါ စာအုပ် အပြင်လူမျက်နှာကိုကြည့်လိုက်တာနဲ့ နာမည်ကိုသိနိုင်တဲ့အစွမ်းကိုပါ ကီရာက သေမင်းဆီက ယူလိုက်တဲ့ အခါမှာ ဘယ်လိုဆက်ဖြစ်လာမလဲ။ The Last Name ဆိုတဲ့ ဇာတ်ကားရဲ့ နာမည်အတိုင်း စာအုပ်ပေါ်မှာ နောက်ဆုံးနာမည်ရေးခံလိုက်ရတဲ့သူဟာဘယ်သူဖြစ်မလဲဆိုတာကိုပါ ရင်ခုန်စိတ်လှုပ်ရှားဖွယ် တွေ့မြင်ရမှာဖြစ်ပါတယ်။

Name - Death Note 2: The Last Name
IMDB Rating - 7.4/10
Rotten Tomatoes Rating - 80%
Run Time - 2 Hr 21 min
File Size - 801 MB
Quality - 720P
Subtitle - မြန်မာစာတန်းထိုး


Death Note လို့ကြားလိုက်တာနဲ့ လက်မကိုက်ကိုက်နေတဲ့ L ဆိုတဲ့စုံထောက်ရယ်၊ လူဆိုးနေရာကနေသ ရုပ်ဆောင်တဲ့ ကီရာ ဆိုတဲ့လူသတ်သမားချောချောလေးရယ်၊ ပန်းသီးကိုက်ကိုက်နေတတ်တဲ့ သေမင်းရယ် ပြေးမြင်းမိကြမှာမလွဲပါဘူး။ ဟုတ်ပါတယ်။ တစ်ချိန်က မြန်မာနိုင်ငံရဲ့ ဆယ်ကျော်သက်တွေရင်ထဲကို ကိုင်လှုပ်သွားခဲ့တဲ့ဇာတ်လမ်းတွေဆိုရင်လည်းမမှားပါဘူး။ ဓါတ်ပုံတွေပိုစတာတွေ စတေကာတွေတော်တော်များများကို သူတို့ပုံလေးတွေနေရာယူသွားခဲ့တာကိုတော့ အကုန်လုံးသိခဲ့ကြမှာပါ။ အခုလည်း ဒီလိုဇာတ်ကားကောင်းလေးကို မကြည့်ရတဲ့သူတွေအတွက်ကော ပြန်ကြည့်ချင်နေတဲ့သူတွေအတွက်ပါ ပြန်တင်ပေးလိုက်ပါတယ်။ ကျေနပ်ကြ မယ်မျှော်လင့်ပါတယ်။

ဇာတ်လမ်းအကျဉ်းအနေနဲ့ သာမန်ကျောင်းသားလေး လိုက်ဂါရာမိ(တစ်နေ့ကီရာဖြစ်လာမယ့်သူ)ဟာ လမ်းပေါ်မှာစာအုပ်တစ်အုပ်တွေ့မိရာကနေအစပြုခဲ့ပါတယ်။ ဒီစာအုပ်မှာရေးမိသူတိုင်းဟာ နှလုံးရော၈ါနဲ့ သေဆုံးရမှာကိုသိရှိရာကတစ်ဆင့် သူ့ကိုယ်သူ ကီရာ အဖြစ်ခံယူကာ အပြစ်သားများကို ကိုယ်တိုင်းဆုံးမသုတ်သင်ခဲ့ပါတယ်။ ဒီအမှုအတွက် နာမည်ကြီးစုံထောက် အယ်လ်က ဖော်ထုတ်ပုံကိုတွေ့ရမှာဖြစ်ပါတယ်။ ဥာဏ်ကောင်းသူနှစ်ယောက်အားပြိုင်မှုမှာ ဘယ်သူအနိုင်ရမလဲဆိုတာကိုကြည့်ရမှာဖြစ်ပါတယ်။

Name - Death Note
IMDB Rating - 8/10
Rotten Tomatoes Rating - 78%
Genre - Fantasy/Thriller
Run Time - 2Hr 20min
Quality - 480P Quality
File Size - 585 MB