ချာလီချာပလင် ဆိုတဲ့နာမည်ကြားတာနဲ့ အကုန်လုံးက ပြုံးပြီးသားဖြစ်နေကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ MM-Movie House အဖွဲ့သားတွေအကုန်လုံးကလည်း Chales Chaplin ဆိုရင်အသည်းစွဲကြိုက်ခဲ့ကြတာပါ။ ဘယ်အချိန်ပဲကြည့်ကြည့် ကြည့်လို့ကောင်းတုန်း ဟားလို့ကောင်းတုန်းပါ။ ရုပ်ရှင်စံအိမ် ပရိသတ်ကြီးတွေ လည်းသဘောကျမယ်လို့ယုံကြည်ပါတယ်။
ဒီကားလေးကတော့ ချာလီချက်ပလင် ရဲ့ ကိုယ်တိုင်ဇာတ်ညွန်းရေး၊ ကိုယ်တိုင်ထုတ်လုပ်၊ ကိုယ်တိုင်ရိုက်ကူး ခဲ့တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့.......
ချက်လီချက်ပလင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလုပ်သမားအဖြစ်ပါဝင်ထားတာပါ။ သူရတဲ့ ပိုက်ဆံတွေကို  မိန်းမက အကုန်လိုချင်ပေမယ့် အရက်သောက်ချင်လို့ ပိုက်ဆံကိုဘတ်ထားတာတွေ......
ညဘက်အရက်ခိုးထွက်သောက်ပြီးတော့ မိန်းမမရိပ်မိအောင်ကြိုးစားပုံတွေကို တခမ်းတနားကြည့်ရမှာဖြစ်ပါတယ်။ ဖိုင်ဆိုဒ်ကလည်း 200 mb သာရှိတာဖြစ်လို့ ဒေါင်းရတန်မယ့်ကားလေးဆိုတာ ပြောနေစရာမလိုပါဘူး။ 1922 ကထွက်တာဖြစ်လို့ ရုပ်ထွက်အနေနဲ့ကတော့ အနည်းငယ်အားနည်းနေတာကိုတွေ့ရပေမယ့် အကြည်ဆုံးကိုတင်ပေးထားတာမို့ လို့ ဆက်လက်ခံစားကြည့်ရှုလိုက်ပါဦးခင်ဗျား။

Name - Pay Day
IMDB Rating - 7.6
Rotten Tomatoes Rating - 84%
File Size - 202 MB
Duration - 25:47 min
Quality - 720 P

Share To:

Kaung Ye Lin

Post A Comment:

0 comments so far,add yours